ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုကို ဩဂုတ်လ(၂၈) ရက်နေ့မှာ တရားဝင်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ကန်ဆယ်လိုဟာ နည်းပြဂွာဒီယိုလာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အခုရာသီအပြောင်းအရွှေ့မှာ အယ်ဟီလယ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အယ်ဟီလယ်အသင်းဟာ ကန်ဆယ်လိုကိုခေါ်ယူဖို့အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၂၁)ဒသမ(၂)သန်းပေးချေခဲ့ရပြီး (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီး အသင်းကနေ ထွက်ခွာခဲ့တဲ့ ကန်ဆယ်လိုဟာ အယ်ဟီလယ်အသင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင်(၁၅)သန်းရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂျူဗင်တပ်အသင်းကနေ (၂၀၁၉)ခုနှစ်မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကန်ဆယ်လိုဟာ အသင်းအတွက်ပြိုင်ပွဲစုံ ပွဲပေါင်း(၁၅၄)ပွဲ ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။