အခုနွေရာသီအပြောင်းအရွှေ့မှာ ဆော်ဒီကလပ်အသင်းဘက်က မက်မောစရာ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပေမယ့် ရိုးမားအသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကို တိုက်စစ်မှူး ဒိုင်ဘာလက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ် အယ်ကွက်ဆက်အသင်းက တစ်နှစ်လုပ်အားခ ယူရို ၇၅ သန်းနဲ့ ၃ နှစ်စာချုပ် ကမ်းလှမ်းခဲ့ပေမယ့် ဒိုင်ဘာလာက ပယ်ချခဲ့ပြီး ရိုးမားအသင်းမှာ ဆက်နေဖို့ကို ရွေးချယ်ခဲ့တာပါ။
အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရိုးမားအသင်း လေ့ကျင့်ရေးကို ရောက်လာခဲ့တဲ့ ဒိုင်ဘာလာက ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရတာက ဆော်ဒီကို သွားဖို့အတွက်က စဉ်းစားစရာအချက်တွေ အများကြီးရှိတဲ့အတွက် ဖြစ်တယ်လို့ ဖြေရှင်းသွားခဲ့တာပါ။
ကစားသမားတွေအတွက် ငွေကြေးကအရေးကြီးတယ်ဆိုပေမယ့် မိသားစုဝင်တွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့အတွက် ထည့်စဉ်းစားခဲ့ပြီး ဥရောပမှာပဲ ဆက်နေဖို့ကို ဆုံးဖြတ်ခဲ့တာ ဖြစ် တယ်လို့ ဒိုင်ဘာလာက ပြောသွားခဲ့ပါတယ်။
ရိုးမားအသင်းပရိသတ်တွေကလည်း ဒိုင်ဘာလာရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး အမ်ပိုလီနဲ့ပွဲမှာ ဒိုင်ဘာလာကို ချီးကျူးတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး အားပေးခဲ့ကြပါတယ်။