မန်စီးတီးအသင်းဟာ ပေါ်တူဂီလက်ရွေးစင် နောက်ခံလူ ကန်ဆယ်လိုကို ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဆီ ပေါင် ၂၁ ဒသမ ၂ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
အယ်ဟီလယ်အသင်းနဲ့ ကန်ဆယ်လိုတို့အကြား သဘောတူညီမှု မရသေးပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ ဆန္ဒရှိနေတာကြောင့် အခက်အခဲ မရှိနိုင်ဘူးလို့ သိရပါတယ်။
အသက် ၃၀ အရွယ် ကန်ဆယ်လိုဟာ မန်စီးတီးအသင်းနဲ့ ၅ နှစ်ကြာ လက်တွဲမှုကို အဆုံးသတ်မှာဖြစ်ပြီး အယ်ဟီလယ်အသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
ကန်ဆယ်လိုဟာ မန်စီးတီး အသင်းကို ရောက်စက နည်းပြ ဂွါဒီယိုလာ စိတ်ကြိုက် ကစားသမားဖြစ်ခဲ့ပြီး ပုံမှန်နေရာရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်းမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတွေဆီကို အငှားထွက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
အခုရာသီ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာလည်း ကန်ဆယ်လို ပါဝင်ကစားခွင့် မရခဲ့တာ ဖြစ်လို့ အခုလို အသင်းပြောင်းဖို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။
ကန်ဆယ်လိုကိုယ်တိုင်ကလည်း ပေါ်တူဂီလက်ရွေးစင် အသင်းမှာ ပါဝင်ခွင့်ရဖို့အတွက် ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်း လိုအပ်နေတာ ဖြစ်ပါတယ်။
ဆော်ဒီ ပရိုလိဂ်မှာတော့ ကန်ဆယ်လိုဟာ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရ တော့မှာ ဖြစ်ပါတယ်။