စီးရီးအေကလပ် နာပိုလီအသင်းဟာ မန်ယူအသင်းရဲ့ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကို ခေါ်ယူဖို့အတွက် ကလပ်အသင်း နှစ်သင်းကြား သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ယူအသင်း ဟာ ဩဂုတ်လ အစောပိုင်းက တွမ်မီနေးကို ခေါ်ယူဖို့အတွက် ဖူဟမ်အသင်းရဲ့ ပေါင်သန်း(၂၀)တန် ကမ်းလှမ်းချက် ကို ငြင်းပယ်ခဲ့ပေမယ့် နာပိုလီအသင်းရဲ့ အခုတစ်ကြိမ်ကမ်းလှမ်းချက်ကိုတော့ လက်ခံခဲ့တာပါ။
နာပိုလီအသင်း ဟာ တွမ်မီနေးကို ခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့ သဘောတူညီမှုရခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အတွက် ကစားသမားနဲ့ သဘောတူညီမှုရဖို့ ဆွေးနွေးရဦးမယ်လို့ သိရပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ နာပိုလီအသင်းဟာ တွမ်မီနေးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ယူအသင်းကို ယူရိုသန်း(၃၀) ပေးချေရမယ်လို့ သိရပါတယ်။ မန်ယူအသင်း အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ တွမ်မီနေးဟာ စီနီယာအသင်းအတွက် ပြိုင်ပွဲစုံ (၂၅၅)ပွဲ ကစားပေးခဲ့ပြီး (၂၉)ဂိုး သွင်းယူထားပါတယ်။