တရုတ်နိုင်ငံ ရှန်ဒေါင်ပြည်နယ် ဒုန်ယင်းမြို့မှာ မြစ်ဝါမြစ်ကူး ဒုန်ယင်းကြိုးတံတားကို တနင်္ဂနွေနေ့က အပြည့်အ၀ ချိတ်ဆက် တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။
အဲဒီတံတားဟာ အရှည် (၁၆၀၇) မီတာရှိပြီး တံတားထိန်း ကေဘယ်ကြိုး(၃၂)ခုနဲ့ Cantilever (ကန်တီလီဗာ) (၇၇) ခု တပ်ဆင်ထားပြီး အရည်အသွေးမီ သံမဏိပေါင်တွေနဲ့ တည်ဆောက်ထားတဲ့ အဆင့်မြင့်နည်းပညာသုံး ကြိုးတံတားဖြစ်ပါတယ်။
အဲဒီဒုန်ယင်းမြစ်ကူးတံတားကို လက်တွေ့အသုံးပြုနိုင်တဲ့အခါ ပြည်တွင်း မြန်နှုန်းမြင့် ဆက်သွယ်ရေး ကွန်ရက်တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် မိစေမှာဖြစ်ပါတယ်။
အဲဒါကြောင့် မြစ်ဝါမြစ်ကို ဖြတ်ကူးပြီး သွားလာရေးမှာ လွယ်ကူအဆင်ပြေချောမွေ့စေမှာ ဖြစ်ပြီး ဒေသတွင်း ဖွံဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက ဖော်ပြထားပါတယ်။