အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲတို တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ ကို ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပရာ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိင်းရေးကော်မတီဝင်တွေ နိုင်ငံရေးပါတီများအစုအဖွဲရဲ့ အလုပ်အဖွဲခေါင်းဆောင်အဖြစ် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ အလုပ်အဖွဲ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးရာမှာတော့ မပြီးပြတ်သေးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက် အဆိုပြုချက်တွေ နဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စတွေကို နှစ်ဖက်အပြန်အလှန်ဆွေးနွေး ညှိနှိင်းခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေ နဲ့ လုံခြုံရေးဆိုင်ရာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနောက် နှစ်ရက်တာဆွေးနွေးညှိနှိင်းချက်တွေမှ ရရှိလာတဲ့ သဘောထားတွေကို စုစည်းချက်တွေအဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။