မော်တော်ယာဉ်တွေ သွားလာမောင်းနှင်မှု စုံ/မ စနစ် သတ်မှတ်ထားတာဟာ နောက်ထပ်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသေးတဲ့ အချိန်အထိ အတည်ဖြစ်တယ်လို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောပါတယ်။

ဇွန်လ ၉ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ကျောက်တံတားမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က မော်တော်ယာဉ်တွေကို စုံ/မနဲ့ ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးဖို အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာမှာ အခုလို ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

မော်တော်ယာဉ်တွေ စုံ/မ ကန့်သတ်ချက်နဲ့ မောင်းနှင်မှု ကန့်သတ်ချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲရဲ့ စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲရေးအတွက် ပြည်သူတွေကို ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နဲ့ ၄ ရက်နေ့တိုမှာ နိုင်ငံတစ်ဝန်းလုံးကို စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်အသိပေးခဲ့ပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသေးတဲ့ အချိန်အထိ အတည်ဖြစ်တယ်လို ဒေါက်တာမျိုးသော်က ပြောပါတယ်တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၃ ယောက်အနက် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ယောက် တက်ရောက် ခဲ့ကြပါတယ်။@nyantin2



