နိုင်ငံ့ဝန်ထမ်းတွေအားလုံး အဂတိတရား ကင်းရှင်းမှု ရှိစေရေး ဆောင်ရွက်သွားကြဖို့ နဲ့ ကြပ် မတ်ကွပ်ကဲဖို့ တာဝန်ရှိသူတွေ အနေနဲ့လည်း စနစ်တကျ ကွပ်ကဲကြပ်မတ်သွားကြဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ဇွန် ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက အခုလို ပြောကြားခဲ့တာပါ။
နိုင်ငံ့ဝန်ထမ်းတွေ ၊ လုံခြုံရေးဝန်ထမ်းတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လစာနှုန်းထားနဲ့ ထောက်ပံ့ကြေးတွေကို ပေးထားတဲ့အတွက် ငွေကြေးအလွဲသုံးစားလုပ်တာ၊ လုပ်ပိုင်ခွင့်အာဏာတွေကို မလျော်မညီ အသုံးချပြီးငွေကြေး ရယူတာ၊ ကောက်ခံတာတွေ လုပ်ဆောင်တာ မပြုကြဖို့ လိုတယ်လို့ ဆိုပါတယ်။စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း မိမိတို့ တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို လိုလားမှုနဲ့ လုံခြုံရေး ဆောင်ရွက်နေသူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ငွေကြေးပေး လာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးကြဖို့ လိုတယ်လို့လည်း နိုင်ငံတော် သမ္မတက ပြောပါတယ်။
ဒါ့အပြင် လာဘ်ပေးလာဘ်ယူတာ၊ ငွေကြေးအလွဲသုံးစားတာ၊ လုပ်ပိုင်ခွင့်အာဏာကို မလျော်ညီစွာ အသုံးပြုတာ ဟာ အားကောင်းတဲ့ နိုင်ငံတော် အစိုးရတစ်ရပ်ရဲ့ ပုံရိပ်ကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံရဲ့ တည်ငြိမ်အေးချမ်း ရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်တယ်လို့ နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၃ ချက်အား လွှတ်တော်ကိုတင်ပြနိုင်ရေး ဆောင်ရွက်နေ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသဘောတူညီမှုရထားတဲ့ အချက်၄၃ကို လွှတ်တော်ကိုတင်ပြနိုင်ဖို့ ဆောင်ရွက် နေတယ်လို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ်။ဇွန်လ၉ရက်က နေပြည်တော်ရှိ...
ပိုမိုဖတ်ရှုရန်Details



