ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်လွတ်(၁၂)ကွက်ကို နှစ်ရှည်ငှားရမ်းသွားမှာ ဖြစ်တယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း က အဲဒီမြေကွက်တွေကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်တွေကို နှစ် ၃၀ နှစ်ရှည်ငှားရမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ငှားရမ်းလိုတဲ့ကုမ္ပဏီတွေအနေနဲ့ တင်ဒါပုံစံတွေကို ဇွန်လ ၈ ရက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော်မှာ ဝယ်ယူနိုင်တယ်လို့ တင်ဒါကော်မတီက ထုတ်ပြန် ထားပါတယ်။




