Meta က အပြာရောင်အမှန်ခြစ် (Verified Badge) နဲ့ အပိုဆောင်း လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Meta Verified ဆိုတဲ့ လစဉ်ကြေးပေးသွင်းရမယ့် ဝန်ဆောင်မှုကို ဖြန့်ချိပေးထားပါတယ်။ ဒါကို လူအများစုက “Facebook Plus” ဒါမှမဟုတ် “Facebook Premium” လို့လည်း အလွယ် ခေါ်ဆို ကြ တာကို The Verge သတင်းမှာ ဖော်ပြပါတယ်။

ဒီဝန်ဆောင်မှုမှာ ဘာတွေပါဝင်လဲဆိုတာကတော့ အကောင့်ဟာ အစစ်အမှန်ဖြစ်ကြောင်း သက်သေခံပေးတဲ့ အပြာ ရောင် အမှတ်အသားကို ရရှိမှာဖြစ်ပါတယ်။ပုံစံတူ အကောင့်တုတွေ ထွက်ပေါ်လာပြီး လူလိမ်ခံရခြင်းမှ ကာကွယ်ဖို့အတွက် ပိုမိုတင်းကျပ်တဲ့ စောင့်ကြည့် စနစ် ပါဝင်ပါတယ်။အကောင့်မှာ ပြဿနာတစ်ခုခုဖြစ်ရင် Meta ရဲ့ အကူအညီပေးရေးအဖွဲ့နဲ့ တိုက်ရိုက် (စာနဲ့ ဖြစ်စေ၊ ဖုန်းနဲ့ ဖြစ်စေ) ဆက်သွယ်ဖြေရှင်းနိုင်ခွင့် ရရှိမှာပါ။သင့်ရဲ့ ပို့စ်တွေ၊ Comment တွေဟာ Search စနစ်နဲ့ Feed တွေမှာ အခြားသူတွေထက် ပိုမိုပေါ်လွင်ပြီး လူမြင် သာအောင် ဒါ့အပြင် ဝယ်ယူတဲ့ ပလက်ဖောင်းပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားနိုင်ပါတယ်။

Web Browser ကနေတစ်ဆင့် ဝယ်ယူရင် တစ်လကို ၁၁ ဒသမ ၉၉ ဒေါ်လာ ဝန်းကျင် ကျသင့်ပြီး၊ iOS ဒါမှမဟုတ် Android App ပေါ်ကနေ ဝယ်ယူရင်တော့ ၁၄ ဒသမ ၉၉ ဒေါ်လာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါ တယ်။အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမဲ့အပြင် အစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ် ဒါမှမဟုတ် နိုင်ငံကူးလက်မှတ် (Passport) နဲ့ Profile နာမည်၊ ဓာတ်ပုံ တိုက်ဆိုင်စစ်ဆေးမှု အောင်မြင်ဖို့ လိုအပ်ပါတယ်။


