ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် အင်္ဂလန်တိုက်စစ်မှူး တိုနေးက အခုဘောလုံး ရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ် မရှိဘူးလို့ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်ဖရန့်က ဖြေရှင်းသွားခဲ့ပါတယ်။
တိုနေးကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ်အသင်းတွေက ပစ်မှတ်ထားနေကြသလို ကစားသမားကလည်း အသင်းကထွက်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။
ပဲလေ့စ်အသင်းကို (၂)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းရဲ့လူစာရင်းမှာ တိုနေး မပါလာခဲ့တာကြောင့်လည်း ပရိသတ် တွေက တိုနေးရဲ့အနာဂတ်အပေါ် မေးခွန်းထုတ်နေခဲ့ကြတာဖြစ်ပါတယ်။
တိုနေးအနေနဲ့ အသင်းကထွက်ဖို့ ဆုံးဖြတ်နိုင်တယ်ဆိုပေမယ့် အခုအချိန်မှာတော့ ပြောင်းရွှေ့ဖို့ မနီးစပ်သေးဘူးလို့ သောမတ်ဖရန့်က ပြောပါတယ်။
တိုနေးဟာ ကစားသမားကောင်းတစ်ယောက် ဖြစ်တာကြောင့် အသင်းမှာဆက်ရှိဖို့ မျှော်လင့်တယ်လို့လည်း နည်းပြသောမတ်ဖရန့်က ဆက်လက်ပြောကြားခဲ့ပါတယ်။
သောမတ်ဖရန့်က အခုလိုပြောခဲ့ပေမယ့် ဆော်ဒီကလပ် အသင်းတွေဟာ တိုနေးကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေကို ပြုလုပ်နေပါတယ်။