နာပိုလီအသင်းကို ပထမဆုံးအကြိမ်တာဝန်ယူရတဲ့ စီးရီးအေပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုအတွက် နာပိုလီအသင်း ပရိသတ်တွေကို နည်းပြ ကွန်တီက တောင်းပန်သွားခဲ့ပါတယ်။
၂၀၂၂-၂၃ စီးရီးအေချန်ပီယံဟောင်း နာပိုလီ အသင်းဟာ တနင်္ဂနွေညက ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲမှာ ဗီရိုနာအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှာ အိုဆင်ဟမ်မပါခဲ့ပေမဲ့ လူစုံပါဝင်ခဲ့တဲ့ နာပိုလီအသင်းဟာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး နည်းပြ ကွန်တီအတွက်လည်း စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ရပါတယ်။
ဒါ့ကြောင့်လည်း ပွဲအပြီးမှာ ကွန်တီက အသင်းရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုအတွက် နည်းပြဖြစ်တဲ့ သူ့မှာတာဝန်ရှိသလို ရလဒ်ဆိုးအတွက်လည်း ပရိသတ်တွေကို တောင်းပန်သွားခဲ့တာပါ။
အသင်းအနေနဲ့ ကစားသမားသစ် ၄၊ ၅ ယောက်လောက် ထပ်မံအားဖြည့်ဖို့ လိုအပ်နေ သေးတဲ့အတွက် အသင်းနဲ့သင့်တော်မယ့် လူသစ်တွေကို ရှာဖွေနေသလို အသင်းဘက်ကလည်း အပြောင်းအရွှေ့ရာသီ မပိတ်ခင်မှာ လူသစ်ခေါ်ယူတာတွေ လုပ်ဆောင်မယ်လို့ မျှော်လင့်မိကြောင်းလည်း ကွန်တီက ပြောသွားခဲ့ပါတယ်။