မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးလူစာရင်းကနေ ချန်လှပ်ခံရတဲ့ အင်္ဂလန် တိုက်စစ်ကစားသမား စတာလင်းဟာ အနာဂတ်အတွက် ချယ်လ်ဆီးနည်းပြ မာရက်စကာနဲ့ ဆွေးနွေးသွားမယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။
စတာလင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမားတစ်ယောက် ဖြစ်ပေမယ့် မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်တောင် ကစားခွင့်မရခဲ့တာကြောင့် စိတ်ပျက်နေခဲ့တာပါ။
နည်းပြမာရက်စကာက နည်းစနစ်ပိုင်းကြောင့် စတာလင်းကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ ပြောထားပေမယ့်လည်း စတာလင်းကတော့ သူ့ရဲ့ကစားသမားဘဝ အနာဂတ်အတွက် နည်းပြမာရက်စကာနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အကြိတ်အနယ် ကစားခဲ့ပေမယ့်လည်း ပွဲအပြီးမှာ(၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ည ပွဲစဉ်တွေအပြီးမှာ အမှတ်ပေးဇယား ရဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။