ဩစတြီးယားနိုင်ငံ အယ်လ်ပိုင်းဒေသမှာ အခုသီတင်းပတ် အားလပ်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့ နောက်မှာ နိုင်ငံတစ်ဝန်း လမ်းတံတားတွေ၊ မီးရထားလမ်းပိုင်းတွေ ပျက်စီးတာ ဖြစ်ပေါ်ခဲ့ပါတယ်။
နိုင်ငံအနောက် ပိုင်း စိန့် အန်တန် နှင်းလျှောစီး အပန်းခြေစခန်းမှာ ရွှံ့နွံစီးကြောင်းတွေနဲ့အတူ ကားတွေ မျောပါသွားခဲ့တာကို လူမှုကွန်ရက်ပေါ်တက်လာတဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
မြို့တော် ဗီယင်နာ နေရာအများအပြားမှာလည်း စံချိန်တင်မိုးရွာသွန်းခဲ့လို့ မြို့တော်ရဲ့ မီးသတ်ဌာနကို ကယ်ဆယ်ရေး ဖုန်းခေါ်ဆိုမှု အကြိမ် (၄၅၀) ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမျိုးသမီးတစ်ယောက်ဟာ ဘတ်စကား ဝမ်းဗိုက်အောက်ရောက်ပြီး ဒရွတ်တိုက်ပါသွားလို့ သူ့ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။