ပြည်သူတွေအတွက် အရန်ဆန်ထားရှိမှုမှာ ပေါ်ဆန်းကိုပါအရန်ဆန်အဖြစ်ထားရှိဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုင်ငံပိုင်သတင်းဌာနကိုပြောကြားထားပါတယ်။
လက်ရှိမှာ ပို့ကုန်ကိုအခြေပြုတဲ့ အရန်ဆန်အစီအစဉ်ထဲမှာ ဧည့်မထဆန်တွေကိုထားရှိထားပြီး လာမယ့်ဆန်စပါးရာသီမှာ ပေါ်ဆန်းကိုပါထားရှိနိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းပြီး ပြည်သူတွေအတွက်လိုအပ်တဲ့ အရန်ဆန်ထားရှိမှုအစီအစဉ်မှာ ပို့ကုန်တစ်တန်ကိုဆန် ၁ အိတ်ကနေ ၃ အိတ်ထားရှိနေတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာလည်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက သတ်မှတ်ထားတဲ့ဆန်ဆိုင်တွေမှာ ပေါ်ဆန်းဆန်တစ်ပြည်ကို ၅၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတယ်လို့သိရပါတယ်။