ဘုန်းမောက်အသင်းဟာ ပေါ်တိုအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး အီဗာနီလ်ဆင်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၄၀ ဒသမ ၂ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ အီဗာနီလ်ဆင်ဟာ ပေါ်တိုအသင်းနဲ့ ဘောလုံးရာသီ ၄ ခုအတွင်း ၁၅၄ ပွဲမှာ ဂိုး ၆၀ သွင်းယူ ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းဟာ တိုက်စစ်မှူး ဆိုလန်ကီကို စပါးအသင်းဆီ ပေါင် ၆၅ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် တိုက်စစ်ကွက်လပ်အတွက် အီဗာနီလ်ဆင်ကို ပြန်လည်ခေါ်ယူလိုက်တာဖြစ်သလို အီဗာနီလ်ဆင်ဟာ ဆိုလန်ကီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။
ဘုန်းမောက်အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ အီဗာနီလ်ဆင်က ပေါ်တိုအသင်းနဲ့အတူ ကြိုးစားခဲ့တာတွေအတွက် အသိအမှတ်ပြုမှုအဖြစ် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဆီကို ရောက်လာခွင့်ရလို့ စိတ်လှုပ်ရှား ပျော်ရွှင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရတဲ့ အီဗာနီလ်ဆင်ဟာ ၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးအသင်းနဲ့အတူ ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။