ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံ-တာဆန်လမ်းရှိ နမ့်တုန်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားတဲ့တံတားတစ်စင်း ဩဂုတ်လ(၁၅)ရက် မနက်ပိုင်းက ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဩဂုတ်လ(၁၅)ရက် မနက်ပိုင်းက မိုင်းတုံမြို့နယ်၊ မိုင်းတုံ-တာဆန်လမ်း၊ မိုင်တိုင်အမှတ် (၁၄၇)အနီး နမ့်တုန်ချောင်းကို ဖြတ်သန်းတည်ဆောက်ထားတဲ့တံတားဟာ တောင်ကျရေကျဆင်းမှုကြောင့် ပြိုကျပျက်စီးခဲ့တာလို့ဆိုပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို မိုင်းတုံ မြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီးယာယီသွားလာနိုင်ရေးအတွက် ပြန်လည်ပြုပြင်ပေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။