သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပတဲ့ ၂၀၂၆ ခုနှစ် အစိုးရ ဓမ္မာစရိယ စာမေးပွဲကို မတ်လ (၂၃)ရက် မနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိတဲ့ ပရိယတ္တိဗိမာန်(နှစ်ထပ်စာဖြေဆောင်)မှာ စတင်ဖြေဆိုနေကြပြီ ဖြစ်ပါတယ်။

ပခုက္ကူစာဖြေဌာနမှာ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင် ၇၁ ပါးရှိပြီး ဒီကနေ့မှာတော့ ကျမ်းရင်း- ပါရာဇီကကဏ္ဍပါဠိကထာ(၁) စာမေးပွဲကျင်းပတာတာပါ။ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းဘာသာရပ်တွေကို မတ်လ ၂၃ ရက်ကနေ ၂၈ ရက်အထိ၊ မြန်မာဂုဏ်ထူးကို မတ်လ ၂၉ ရက်နဲ့ ပါဠိ ဂုဏ်ထူးကို မတ်လ (၃၀)ရက်ကနေ (၃၁)ရက်အထိ၊ ပါဠိပထမပြန်စာမေးပွဲတွေကို မတ်လ (၂၉)ရက်ကနေ ဧပြီလ ၄ ရက်အထိ အသီးသီးကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




