ဂျပန်နိုင်ငံဟာ နောက်ထပ် စစ်ပွဲကြီးတစ်ခု ဆင်နွှဲတော့မှာ မဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ကြာသပတေးနေ့မှာ ကျရောက်တဲ့ ဒုတိယကကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း နှစ်ပတ်လည်နေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။
တိုကျိုမြို့တော်မှာရှိတဲ့ ယာဆုကုနိ စစ်ဗိမာန်မှာ ပြုုလုပ်တဲ့ အခမ်းအနားကို ဂျပန် ဧကရာဇ် နာရူဟီနဲ့ ဝန်ကြီးချုပ် ကီရှီဒါတို့ တက်ရောက်ပြီး အခုလို ကတိပြုပြောဆိုခဲ့ကြတာပါ။
အဲဒီယာဆုကူနိ စစ်ဗိမာန်ဟာ (A)အဆင့် စစ်တရားခံအဖြစ် မဟာမိတ်တပ်တွေက သတ်မှတ်ခဲ့တဲ့ ဂျပန်စစ်ခေါင်းနှစ်ယောက် အပါအဝင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ ဂျပန်စစ်သားတွေကို ဂုဏ်ပြုတည်ဆောက်ထားတာဖြစ်လို့ အငြင်းပွားဖွယ်ရာ ဗိမာန်လည်း ဖြစ်ပါတယ်။
အဲဒီနေရာကို ဂျပန်အစိုးရခေါင်းဆောင်တွေ သွားရောက်လည်ပတ်မှု ကြောင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေနဲ့ ဂျပန်တို့ကြား အချင်းများလေ့ရှိပါတယ်။