ထိုင်းနိုင်ငံဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဝန်ကြီးချုပ် ဆရီသာ ထာဗီဆင်ကို ရာထူးက ထုတ်ပယ် လိုက်တာဟာ အကျိုးအကြောင်း ခိုင်လုံပြီး ညစ်ပတ်တဲ့ နိုင်ငံရေးကစားနည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဘန်ကောက်မြို့ခံ အများအပြားက ပြောဆိုကြပါတယ်။
တစ်ချိန်က ထောင်ကျခဲ့ဖူးသူတစ်ယောက်ကို ဝန်ကြီးခန့် အပ်ခဲ့တာဟာ ထာဗီဆင် အနေနဲ့ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်ပြီး နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုနဲ့ အုပ်ချုပ်ရေး မဟာမိတ်အဖွဲ့မှာ တုန်လှုပ်ခြောက်ခြားစေတယ်လို့ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်လိုက်တာပါ။
ထာဗီဆင်ဟာ အာဏာသက်တမ်း တစ်နှစ်မပြည့်ခင် ရာထူးက ထွက်ရတာဖြစ်ပြီး ပါလီမန်မှာ ဝန်ကြီးချုပ်အသစ် ကို ရွေးချယ်ရဦးမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ နိုင်ငံရေးပါတီအများအပြားကို ဖြုတ်ချခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကြာ နိုင်ငံရေးမုန်တိုင်းတွေနဲ့ တရားရုံး စီရင်ချက်တွေကြောင့် ထိုင်းမှာ မသေချာမရေရာမှုတွေ ပိုမိုဖြစ်လာနိုင်တယ်လို့ ရိုက်တာက ဖော်ပြခဲ့ပါတယ်။
စီရင်ချက်က ထိုင်းနိုင်ငံရဲ့ ဆက်တိုက်ဖြစ်နေတဲ့ အကျပ်အတည်းမှာ ပါဝင်ခဲ့တဲ့ တရားစီရင်ရေးရဲ့ ဗဟိုအခန်းကဏ္ဍကို အလေးပေး ဖော်ပြနေပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ ဥပဒေတစ်ရပ်ကို ပြုပြင်ပြောင်းလဲဖို့အတွက် မဲဆွယ်စည်းရုံးပြီး တည်ထောင်ခဲ့တဲ့ Move Forward ပါတီကို အဲဒီတရားရုံးကပဲ ဖျက်သိမ်းခဲ့ပါတယ်။ ထိုင်းပါလီမန်ဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့အတွက် ဩဂုတ်လ ၁၆ ရက်နေ့မှာ အထူးအစည်းအဝေး ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။