ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေထဲမှာ (PJ) နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်လိုသူတွေအနေနဲ့ ရက်ချိန်းတိုကင်မလိုဘဲ ရုံးဖွင့်ရက်တွေမှာ လူကိုယ်တိုင်လာရောက်ပြုလုပ်နိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ဩဂုတ် လ(၁၃) ရက်နေ့က အသိပေးကြေညာထားပါတယ်။
ထိုင်းနိုင်ငံတွင်းမှာနေထိုင်ကြတဲ့ မြန်မာတွေအတွက် (PJ)နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး၂၀၂၅ ခုနှစ်၊ ဇွန် (၃၀)ရက်နေ့မှာသက်တမ်းကုန်သူတွေကို စာအုပ်အသစ်ပြုလုပ်ပေးဖို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်နေ့ကစပြီး စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်းတိုကင် လာရောက်ယူရတဲ့စနစ်ကို စီစဉ်ခဲ့တာဖြစ်ပါတယ်။

အခုအခါ ရက်ချိန်းတိုကင်ရယူတဲ့သူအရေအတွက် နည်းပါးသွားပြီဖြစ်တဲ့အတွက် လာမယ့်ဩဂုတ်လ(၁၇)ရက်ကစပြီး ရက်ချိန်းတိုကင်ပေးတာကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး တိုကင်မလိုဘဲ လူကိုယ်တိုင်လာရောက်ပြုလုပ် နိုင်တယ်လို့သိရပါတယ်။ ဒီလိုဆောင်ရွက်ပေးရာမှာလည်း၂၀၂၅ ခုနှစ်၊ ဇူလိုင်(၃၁)ရက်နေ့အထိ သက်တမ်းကုန်သူများကိုပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။