ဒရုန်းတွေနဲ့ပဲ့ထိန်းဒုံးကျည်တွေ အများအပြားအသုံးပြုပြီး ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ယူကရိန်းကို တိုက်ခိုက်ခဲ့ တယ်လို့ ရုရှားဘက်က ထုတ်ပြန်လာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

စွမ်းအင်အခြေခံအဆောက် အအုံကို အာရုံစိုက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်နဲ့ ဒေသခံအရာရှိတွေကလည်း ပြောကြားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ ကိယက်ဗ်မြို့နဲ့ မြို့တော်အနီး တစ်ဝိုက်က ဒေသအပြင် အိုဒီဆာပင်လယ်နက်ဆိပ်ကမ်းနဲ့ ယူကရိန်းအလယ်ပိုင်းတို့ကို ပစ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုရဲ့ အဓိကပစ်မှတ်ဟာ စွမ်းအင်ကဏ္ဍဖြစ်ပေမဲ့ လူနေအိမ်တွေနဲ့ ရထားလမ်းတွေ ပျက်စီးသွားကြောင်း ယူကရိန်းစစ်တပ်နဲ့ဒေသခံအရာရှိတွေက မှတ်ချက်ပြုခဲ့ပြီး “ မော်စကိုဟာ သံတမန်ရေးထက် တိုက်ခိုက်မှုတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံနေဆဲဖြစ်တယ်လို့ ” ဇယ်လန်စကီးက ပြောကြားခဲ့ပါတယ်။




