မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်ယူအသင်းနဲ့ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့တဲ့ တောင်ပံကစားသမား ဂရီးလစ်ချ်ကို ချယ်လ်ဆီးအသင်းနဲ့ကစားရမယ့်ပွဲစဉ်မှာ ပါဝင်လာဖို့အတွက် မျှော် လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂရီးလစ်ချ်ဟာ မန်ယူအသင်းနဲ့ပွဲစဉ်မတိုင်မီ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ် မှာပါဝင်ခဲ့ပေမယ့် ပွဲကစားဖို့ အဆင်မပြေဖြစ်ခဲ့တာကြောင့် လွဲချော်ခဲ့တာပါ။
ဂရီးလစ်ချ်ရဲ့ဒဏ်ရာက မပြင်းထန်တဲ့ အတွက် ချယ်လ်ဆီးအသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်လာဖို့မျှော်လင့်မိတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။
ဂရီးလစ်ချ်အနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ မပါဝင်ရင်တောင်မှ အစ်ဆွစ်ချ် အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ သေချာပေါက်ပါဝင်လာမယ်လို့လည်း နည်းပြ ဂွာဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။