ချီလီအသင်းရဲ့ အသက်(၃၅)နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းဟောင်း အူဒီးနီးစ်အသင်းကို ဩဂုတ်လ(၁၁)ရက်နေ့မှာ တရားဝင် ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအပြီးမှာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး စီးရီးအေကလပ် အူဒီးနီးစ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။
ဆန်းချက်ဇ်ဟာ အူဒီးနီးစ်အသင်းမှာ (၂၀၀၆)ခုနှစ်ကနေ (၂၀၁၁)ခုနှစ်အတွင်း ကစားပေးခဲ့ဖူးပြီး အသင်းကထွက်ခွာပြီးနောက် (၁၈)နှစ်အကြာမှာ အသင်းဟောင်းကို ပြန်လည် ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
အူဒီးနီးစ်အသင်းဟာ ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး (၂၀၂၆)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်၊ မန်ယူ၊ အင်တာမီလန်အသင်းတို့မှာ ကစားခဲ့ဖူးတာကြောင့် ဆန်းချက်ဇ်ပြန်လည်ရောက်ရှိလာခဲ့တာက အသင်းကို အကျိုးရှိလာစေလိမ့်မယ်လို့ အူဒီးနီးစ်အသင်းက ယုံကြည်နေပါတယ်။