ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်ဖြစ်လာတဲ့ နီတိုကို ဩဂုတ်လ(၁၁)ရက်နေ့မှာ အသင်းရဲ့ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ အင်တာမီလန်အသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ နီတိုက အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကွင်းထဲဝင်ပြီး တရားဝင် မိတ်ဆက်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ နီတိုက အသင်းနဲ့အတူ ပထမဆုံးပြုလုပ်တဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ကစားသမားဘဝမှာ အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းဖော်တွေနဲ့အတူ ပွဲကစားခွင့်ရဖို့ စိတ်လှုပ်ရှားမိတယ်လို့ နီတိုက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
ချယ်လ်ဆီးအသင်းဟာ နီတိုကိုခေါ်ယူဖို့အတွက် ဝုဗ်အသင်းကို အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင်(၅၄)သန်း ပေးချေသွားရမှာဖြစ်ပြီး (၇)နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။