နိုင်ငံရဲ့ လေပိုင်နက်ကို ယူကရိန်းက ဖောက်ဖျက်တယ်လို့ ဘီလာရုစ်က စွပ်စွဲပြောဆိုပြီးနောက် သယ်ယူပို့ဆောင်ဖို့ အသင့်ရှိတဲ့ ရထားတစ်စင်းပေါ်ကို တင့်ကားအများအပြား တင်ဆောင်နေတဲ့ ဗီဒီယိုဖိုင်ကို ဘီလာရုစ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းဒရုန်းတွေက ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို ထိုးဖောက်စဉ် ဘီလာရုစ် လေပိုင်နက်ကို ချိုးဖောက်ခဲ့တယ်လို့ သြဂုတ် ၁၀ ရက်က ပြောဆိုခဲ့တညဖြစ်ပြီး ယူကရိန်းနဲ့ နယ်နိမိတ်ကို အားဖြည့်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ယူကရိန်းသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး အဲဒီလိုဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားအောင် အစီအမံတွေ တောင်းဆိုခဲ့ပါတယ်။

မင့်စ်ခ်မြို့တော်မှာ ကိယက်ဗ်ရဲ့ သံတမန်ဆက်ဆံရေးထားရှိမှုဟာ သင့်လျော်မှု ရှိမရှိ ပြန်လည်သုံးသပ်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မိုဂီလက်ဗ်ဒေသမှာ ဘီလာရုစ် ဝေဟင်ပိုင်နက်ကို ချိုးဖောက်တဲ့ ယူကရိန်း ဒရုန်း တစ်ဒါဇင်လောက်ကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တယ်လို့ ဘီလာရုစ် သမ္မတ အလက်ဇန္ဒာ လူကာရှန်ကိုက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တစ်ယောက်ဖြစ်တဲ့ လူကာရှန်ကိုက ရုရှားနိုင်ငံ ယာရိုစလပ်လ်မြို့အနီးမှာလည်း တခြားဒရုန်းတွေကို ဖျက်ဆီးခဲ့ တယ်လို့ပြောပါတယ်။