အင်တာမီလန်အသင်းနဲ့ စာချုပ်ပြည့်ခဲ့ပြီဖြစ်တဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းဟောင်း အူဒီးနီးစ်ကို ပြန်လည်သွားရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အသက် ၃၅ နှစ်အရွယ် ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက အင်တာမီလန်အသင်းနဲ့ ၁ နှစ်စာချုပ်သာ ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ကိုခေါ်ယူဖို့အတွက် ပြင်သစ်ကလပ်တွေဖြစ်ကြတဲ့ မာဆေးလ်နဲ့ လိုင်လီအသင်းတို့က စိတ်ဝင်စားနေကြတာပါ။
ဒါပေမဲ့ ဆန်းချက်ဇ်ဟာ အောင်မြင်မှုတွေရယူခဲ့ဖူးတဲ့ အူဒီးနီးစ်အသင်းဆီကိုပဲ ပြန်သွားဖို့အတွက် ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြ နေကြပါတယ်။
ဆန်းချက်ဇ်ဟာ အူဒီနီးစ်အသင်းမှာ ၂၀၀၆ ကနေ ၂၀၁၁ အထိ ကစားခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၁၂ ပွဲမှာ ၂၁ ဂိုးသွင်းကာ ဂိုး ၂၀ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၁ နွေရာသီမှာ ဘာစီလိုနာအသင်းကို ယူရို ၂၆ သန်းနဲ့ပြောင်းရွှေ့သွားခဲ့ပြီး အဲဒီနောက်ပိုင်း အာဆင်နယ်၊ မန်ယူ၊အင်တာမီလန်နဲ့ မာဆေးလ်အသင်းတွေမှာ သွားရောက်ကစားနေခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အင်တာမီလန်နဲ့အတူ စီးရီးအေချန်ပီယံဆုရခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ ၅ ဂိုး သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။