အီဂျစ်က စက်ရုံတစ်ရုံဟာ အပူထုတ်လွှတ်မှုကို လျှော့ချပေးပြီး ကာဗွန်ခြေရာနဲ့ ရေစွန့်ပစ်မှု နည်းပါးစေတဲ့ နည်းပညာသစ်ကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ရေခဲတွေကို ထုတ်လုပ်နေတယ်လို့ စက်ရုံပိုင်ရှင်က ပြောပါတယ်။
အခုစက်ရုံဟာ ‘Ice Ashry'(အိုက်စ်အက်ရှရီ)နည်းပညာကို ကမ္ဘာပေါ်မှာ ပထမဆုံး အသုံးပြုတဲ့စက်ရုံ ဖြစ်တယ်လို့ စက်ရုံတည်ထောင်သူနဲ့ ပိုင်ရှင်ဖြစ်သူ မူစတာဖါ အဲလ်အက်ရှရီက ပြောပါတယ်။
အထူးသဖြင့် အပူထုတ်လွှတ်မှုနဲ့ စွမ်းအင်ထိန်းသိမ်းမှုတို့နဲ့အတူ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရချိန်မှာ ဒီနည်းပညာက အကျိုးကျေးဇူး ရနိုင်တယ်လို့လည်း ပြောပါတယ်။
သူ တီထွင်ထားတဲ့ စက်ရုံရဲ့ မူပိုင်ခွင့်နည်းပညာ၊ အစားအသောက်၊ ဆေးဝါးတွေနဲ့ ဆေးရုံတွေ အပါအဝင် မတူညီတဲ့ လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ အဲဒီရေခဲတွေ ကို ထုတ်လုပ်နေတာပါ။

အဲဒီရေခဲကို ထုတ်လုပ်ရာမှာ အပူချိန် အနုတ် ၆၀ ဒီဂရီစင်တီဂရိတ်အထိရှိပြီး ဗိုင်းရပ်စ် ကင်းစင်တဲ့ အစားအသောက်အဆင့် ရေခဲတွေ ထုတ်လုပ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြု ထုတ်လုပ်ပါတယ်။
မသန့်စင်တဲ့ရေ၊ မှိုနဲ့ သံချေးတက်တာ၊ အအေးခံမှု နှေးကွေးတာ အပါအဝင် ထုတ်လုပ်မှုဆိုင်ရာ ပြဿနာ များစွာရှိနေတဲ့ ပုံမှန်ရေခဲတွေနဲ့ ကွဲပြားတယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အဲလ်အာရှရီ စက်ရုံဟာ ညစ်ညမ်းတဲ့ ရေခဲတွေကို ဖယ်ရှားဖို့၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ အအေးပေး စက်လုပ်ငန်းမှာ ဦးဆောင်သူ အနေအထားကို ခိုင်မာစေဖို့ သူတို့ရဲ့ စိတ်ကူးကို ဆက်လက် ဆန်းသစ်ပြီး ဖြန့်ကြက်သွားဖို့ ရည်ရွယ်ထားပါတယ်။