ရေးဗားပလိတ်အသင်းဟာ နည်းပြဂယ်လာဒိုကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဩဂုတ်လ (၅)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
နည်းပြဂယ်လာဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအပြီးမှာ ဆော်ဒီကလပ် အယ်အစ်တီဟတ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ရေးဗားပလိတ်အသင်းရဲ့ နည်းပြအဖြစ် ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။
ရေးဗားပလိတ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ ဂယ်လာဒိုဟာ ရေးဗားပလိတ်အသင်းကို (၂၀၁၄)ခုနှစ်ကနေ (၂၀၂၂)ခုနှစ်အထိ နည်းပြအဖြစ် (၈)နှစ်ကျော်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးတာကြောင့်လည်း အသင်းပရိသတ်တွေက ရလဒ်ကောင်းရဖို့ မျှော်လင့်နေကြပါတယ်။
ဂယ်လာဒိုဟာ ရေးဗားပလိတ်အသင်းကို နည်းပြအဖြစ်တာဝန်ယူခဲ့တဲ့အချိန်အတွင်း ကိုပါလစ်ဘာတေးဒိုးချန်ပီယံဆုကို (၂၀၁၅)ခုနှစ်နဲ့ (၂၀၁၈)ခုနှစ်တွေမှာ (၂)ကြိမ်ရယူနိုင်ခဲ့သလို ဖလားစုစုပေါင်း(၁၄)လုံးထိ ရယူပေးခဲ့ပါတယ်။
ရေးဗားပလိတ်အသင်းကို ကိုပါလစ်ဘာတေးဒိုးချန်ပီယံဖြစ်လာဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့လည်း နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂယ်လာဒိုက ပြောကြားခဲ့ပါတယ်။