လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဟာ ပုသိမ်မြို့ရှိ စက်တော် ရာ ဘိုးဘွားရိပ်သာကို နိုဝင်ဘာ ၂၆ ရက်၊ မွန်းလွဲပိုင်းက သွားရောက်ပြီး အဘိုးအဘွားတွေနဲ့ တွေ့ဆုံကာ လာမဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်ထားရှိမှုကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ အဘိုးအဘွားတွေအနေနဲ့ မကြာမီကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ရေးနဲ့ နိုင်ငံ သားအခွင့်အရေး မဆုံးရှုံးစေဖို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားရှိမှု၊ နိုင်ငံသားကတ်ပြား ပျောက်ဆုံး /ပျက်စီးပါက မိတ္တူလျှောက်ထား ကိုင်ဆောင်နိုင်ရေး၊ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်ပေးနေမှုနဲ့ ဆက်လက်ဆောင်ရွက်မဲ့ အခြေအနေတွေကို ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အဲဒီနောက် အဘိုးအဘွားတွေရဲ့ နေထိုင်စားသောက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့ကို မေးမြန်းဆွေးနွေးပြီး အဘိုးအဘွားတွေကို စားသောက်ဖွယ်ရာတွေနဲ့ ရှိခိုးကန်တော့လှူဒါန်းရာ အဘိုးအဘွား တွေက ပြန်လည်မေတ္တာပို့သ ဆုတောင်းပေးခဲ့ကြပါတယ်။ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဟာ ရိပ်သာအတွက် ဆိုလာမီးတွေနဲ့ စားသောက်ဖွယ်ရာတွေကို ပေးအပ်လှူဒါန်းပြီး အဘိုးအဘွားတွေရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်မှုနဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင် ရွက်ပေးဖို့ရှိရင် ဆွေးနွေးပြောကြားနိုင်ရေး မှာကြားကာ လိုအပ်တာတွေ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ် လို့ သိရပါတယ်။




