မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နည်းဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည်စနစ်သစ် တစ်ခုကို တပ်ဖြန့်ခင်းကျင်းမှုကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းက တနင်္လာနေ့မှာ ဖော်ပြပါတယ်။
မြို့တော်ပြုံယမ်းမှာ ကျင်းပတဲ့ အဲဒီဒုံးကျည်စနစ် တပ်ဖြန့်ခင်းကျင်းတဲ့ အခမ်းအနားမှာ ခေါင်းဆောင် ကင် က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး အဲဒီပွဲမှာ နည်းဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည် အစင်း(၂၅၀)ကျော် ခင်းကျင်း နေရာယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဒုံးကျည်စနစ်သစ်ဟာ ကင် ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ တိုက်ခိုက် ရေး ဒုံးလက်နက်ဖြစ်ပြီး ကိုရီးယား ပြည်သူ့တပ်မတော် တပ်ဖွဲ့တွေဆီ ဖြန့်ချထားဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။
အခမ်းအနားမှာ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်နည်းပညာရှင်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ကင်က မကြာ တော့တဲ့ အနာဂတ်မှာ ပြုံယမ်းဟာ နျူကလီးယားနဲ့ခြိမ်းခြောက်လာမှုတွေကို ဟန့်တားဖို့ နျူကလီးယား လက်နက် တွေရဲ့ အသင့်ဖြစ်မှုကို အဆင့်မြှင့်တင်ပြီး ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင် ခုခံကာကွယ်သွားမယ်လို့ ပြောခဲ့ ကြောင်း KCNA သတင်းက ဖော်ပြပါတယ်။