ပညာသင်ကြားရေးမှာ သင်ရိုးညွှန်းတမ်းတွေကို အလွတ်ရအောင်ကျက်တတ်၊ မှတ်တတ်၊ ရေးတတ်ရုံနဲ့မရဘဲ သင်ခန်းစာတွေထဲက ဘဝအတွက် လုပ်သင့်၊ မလုပ်သင့်၊ ကောင်းတာ၊ ဆိုးတာ အစရှိတာတွေကိုပါ ဝေခွဲပိုင်း ခြားတတ်တဲ့အသိဉာဏ်တွေရင့်သန်လာအောင် လေ့ကျင့်ပေးရတာဖြစ်တဲ့အတွက် ပိုပြီးတိုးတက်လာတဲ့ ပညာ ရေးစနစ်တစ်ခုကိုရဖို့ အရေးကြီးတယ်လို့ ICEC Education Group ရဲ့မန်နေးဂျင်းဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

လူပတ်ဝန်းကျင်ရဲ့ အဓိကအသက်သွေးကြောကစည်းကမ်းဖြစ်တာကြောင့် ICEC စာသင် ကျောင်းတွေမှာရှိ တဲ့ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသား/ကျောင်းသူတွေအားလုံးကို စည်းကမ်းပိုင်းနဲ့ပတ်သက်လို့ သေချာလေ့ကျင့်ပေးနေသလို စည်းကမ်းပိုင်းကိုလည်းအဓိထား ကိုင်တွယ်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။နိုဝင်ဘာ(၁၄)ရက်ကနေ(၁၆)ရက်အထိ(၃)ရက်ကြာပြုလုပ်တဲ့ ICEC Education Group ရဲ့ ၂၀၂၅ခုနှစ် ဘက်စုံ ပညာရည်ချွန် ဆုနှင်းသဘင်အခမ်းအနားမှာ ကျောင်းခွဲအားလုံးက ပညာရည်ချွန်ထူးချွန်ဆုတွေနဲ့အတူ အခြား ဘက်စုံထူးချွန်ဆုတွေအပါအဝင် ဆုရရှိတဲ့ ကျောင်းသား/ကျောင်းသူ (၃၀၀၀)ကျော်လောက်ကိုထူးချွန်ဆုတွေပေး အပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

ICEC Education Group အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျောင်းခွဲပေါင်း(၇)ကျောင်းဖွင့်လှစ်ထားပြီး ဆရာ/ဆရာမအယောက်(၇၀၀) နီးပါးနဲ့ ကျောင်းသား/ကျောင်းသူပေါင်း တစ်သောင်းကျော်လောက်ကို ပညာသင် ကြားပေးနေတာဟာ အခုဆိုရင် သက်တမ်း(၁၅)နှစ်ရှိဖြစ်တယ်လို့လည်းသိရပါတယ်။




