“ တူရာသီငယ်၊ အဿဝဏီကြယ်မြတ်၊ ကျီးမင်းသိန်လဲ ရောင်ရှိန်ဟပ်လို့၊ သုဒသ်ကဲ့နန်းလို၊မီးမြင့်မိုရ်နှင့်၊ ဝါဆိုကင်းလွတ်ဈ သီတးတင်းကျွတ်မို့၊ ဘုံထွတ်ကယ်ဥကင်၊ ပွင့်စံပယ်ရွှင်သောအခါ၊ တိုင်းခွင်ကြီးအောင်ချာမှာ၊ ဆီမီးဝါထိန်ထိန်ဝင်းလို့ ၊လင်းလှတယ်လေး– -“ (မဟာအတုလမင်ကြီး၏ဆယ့်နှစ်လရာသီဖွဲ မှ)
ကြာငါးမည်ကြိုင်သင်းလို့ လျှံဝင်းတဲ့ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာ ကွန့်မြူးမြင်းမိုရ်မီး ညီးတဲ့ခါ ချိန်။ ရှိဦးငယ်နှိမ် သုံးကြိမ်ရိုပျောင်း၊သက္ကစ္စာ ဂါရဝနှင့် စဉ်အလာပူဇော်ပွဲကို နွှဲကြပေတောင်း။(ဖိုးသူတော် ဦးမင်း)
သီတင်းကျွတ်လနှင့်ပတ်သက်၍ ရှေးစာဆိုတို့စာပန်းချီချယ်သခဲ့ကြသ့ည်များအနက်မှကောက်နှုတ်ချက် များဖြစ်သည်။သီတင်းကျွတ်လကား ဗုဒ္ဓဘာသာဝင်မြန်မာများအဖို့အထွတ်အမြတ် ထားသောလတစ်လလည်း ဖြစ်သည်။ဘုရားရှင်၏တပည့်သားတော် ရဟန်းတော်များ ပုရိမဝါဆိုသည့်ကာလကုန် ဆုံးသောလထူးလမြတ် လည်းဖြစ်သည်။မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင် အနက်ထက်ဝက်မျှရှိ၍ လွန်စွာများပြားရှည်လျားလှသည့် အဘိဓမ္မာဒေသနာတော်တရားရေအေးအမြိုက်ဆေးကို မယ်တော်မိနတ်သား (သန္တုသိတနတ်သား)အားအမှူးထား၍နတ်ဗြဟ္မာအပေါင်းတို့အားဟောကြားပြီးစီးသည့်နေ့ လည်းဖြစ်သည်။ သီ တင်းကျွတ်လပြည့်ဖြစ်သောနေ့တွင်အဘိဓမ္မာတရားကိုဟောကြားပြီးခဲ့သဖြင့် အဘိဓမ္မာအခါ တော်နေံဟုလည်း ဆိုကြသည်။မြတ်စွာဘုရားရှင်သည်မဟာသက္ကရာဇ် ၁၀၉ ခုနှစ်ဝါဆိုလပြည့်ေ့န့တွင်တာဝတိံ သာနတ်ပြည်သို့ကြွ ချီဝါကပ်တော်မူ၍ အဘိဓမ္မာတရားတော်မြတ်ကိုဝါတွင်းသုံးလပတ်လုံးနေ့ညမစဲ ဟောကြားတော် မူခဲ့ရာ ဝါတွင်း သုံးလပြည့်မြောက်သောသီတင်းကျွတ်လပြည့်ေ့န့တွင်တရားပွဲပြီးဆုံးလေသည်။ဘုရားရှင်၏ အဘိဓမ္မာတရား ဟောကြားပြီးဆုံးချိန်တွင်ကုဋေပေါင်းရှစ်သောင်းသောနတ်ဗြဟ္မာတို့သည်သစ္စာလေးပါးတရားသိမြင်ကွှတ်တမ်းဝင်ကြကုန်လေသည်။မယ်တော်မိနတ်သားလည်းသောတာပတ္တဖိုလ်၌တည်လေသည်။

ရဟန်းတော်များအလေးထားရာပဝါရဏာ
သီတင်းကျွတ်လပြည့်နေ့သည်ဝါတွင်းသုံးလကုန်ဆုံးကျွတ်လွတ်သွားသည့်ေ့နဖြစ်သောကြောင့်ဝါဆို တော်မူကြကုန်သောသံဃာတော်အရှင်သူမြတ်များသည်လည်းလွတ်လပ်စွာသီတင်းသုံးနိုင်ကြပြီဖြစ်သည်။တစ် နည်းအားဖြင့်ဆိုသော်သီတင်းကျွတ်လပြည့်နေ့သည်ရဟန်းတော်၊သံဃာတော်များဝါမှလွတ်ကင်းသဖြင့်ဝါကျွတ် သောေ့နဖြစသည်။အဆိုပါေ့နတွင် ရဟန်းတော်တို့စုဝေးပြီးအပြစ်ဟူသမျှရှိခဲ့ပါကလည်းဝေဖန်ထောက်ပြညွှန် ကြားကြပါရန်ရဟန်းတော်အချင်းချင်းဖိတ်မန်သမှုပြု ကြသော ပဝါရဏာနေံလည်းဖြစ်သည်။ ဝါတွင်းဥပုသ်ဝါ ဆိုသံဃာတော်များသည်သီတင်းကျွတ်လပြည့်နေ့တွင်ဝိ နည်းဒေသနာတော်အရဥပုသ်အစား ပဝါရဏာပြုကြ ရသည်။ပဝါရဏာဆိုသောပါဠိမှာ ဖိတကြားခြင်း၊တောင်းပန် တိုက်တွန်းခြင်းဟုအဓိပ္ပာယ်ရသည်။ရဟန်းတော် များအချင်းချင်းအပြန်အလှန်ဖိတ်ကြားကာတိုက်တွန်းတောင်းပန်သောပွဲလည်းဖြစ်သည်။ထိုပဝါရဏာပွဲသဘင်မှာသီတင်းသုံးဖော်ရဟန်းတော်များအချင်းချင်းတစ်ပါးသောပုဂ္ဂိုလ်ပေါ်တွင်ဖြစ်စေ၊မိမိအပေါ်တွင်ဖြစ်စေ၊တရားတော်နှင့်မလျော်ညီ ဖီလာဆန့်ကျင်သောပြစ်မှုများရှိခဲ့သော်အချင်း ချင်းစုပေါင်းဝေဖန်ကြသောပွဲ၊သုံးသပ်ကြ သည့်ပွဲ၊ အမှားကိုပြုပြင်အမှန်ကိုဝန်ခံကြသောပွဲပင်ဖြစ်သည်။ဗုဒ္ဓမြတ်စွာ ပညတ်တော်မူခဲ့သောပဝါရဏာပွဲကား မိမိအပေါ်သူတစ်ပါးတို့ဝေဖန်ရေးကိုအနူးအညွတ်ဖိတ်ခေါ်သောပွဲကြီးတစ် ခုဖြစ်သည်။ ထိုကျင့်စဉ်ကောင်း ဖြင့်သံ ဃာတော်အချင်းချင်းစည်းလုံးညီညွတ်ရေး၊ပုဂ္ဂိုလ်သန့်စင်ရေးတရားများကို ရယူနိုင်ခဲဲ့ပြီး သာသနာတော်တည် တန့်ရေးအားအထောက်အကူပြုလျက်ရှိပေသည်။ွှကျင့်စဉ်အား ဘာသာရေး နှင့်ဆက်နွှယ်သောနယ်ပယ်မှာသာ မက လူအများတို့ပေါင်းသင်းဆက်ဆံရာတွင်လည်းလိုက်နာကျင့်သုံးအပ် သောလုပ်ငန်းစဉ်လည်းဖြစ်သည်။ အ များကပြောကြသည့်မိမိကိုယ်မိမိဝေဖန်ခြင်းသာမက အများကဝေဖန်ထော က်ပြသည်ကိုလည်း ကောင်းစွာ လက်ခံပြုပြင်နိုင်ကြရန်ဖြစ်သည်။
ပူဇာစ ပူဇာနေယျာနံ
အထူးသဖြင် သီတင်းကျွတ်လပြည့်နေ့မှာ့ဘုရားရှင်သည်ဝါတွင်းကာလ၌အမိကျေးဇူးမြင့်မိုရ်ဦးကိုပေး ဆပ်ခြင်းအလို့ငှာပူဇော်မှုပြုဟောကြားတော်မူအပ်သော အဘိဓမ္မာတရားကိုအဆုံးသတ်သောေ့နထူးတစ်ေ့န ဖြစ်ပြီးကြီးမြတ်သောေ့နလည်းဖြစ်သည်။အထူးသဖြင့် ကျေးဇူးတော်နေ့အဖြစ်လည်းကမ္ပည်းတင်ရမည်ဖြစ် သည်။
မိမိတို့ကားသံသရာခရီးသည်များဖြစ်ကြသည်။သံသရာခရီးတွင်ကျင်လည်ခဲ့ရသည့်အတိတ်ဘဝများ၌ ဖြစ်စေ၊မျက်မှောက်ဘဝ၌ဖြစ်စေကိုယ်၊နှုတ်၊နှလုံးသုံးပါးတို့တွင်တစ်ပါးပါးဖြင့်တစ်ဦးအပေါ်တစ်ဦး့ပြစ်မှားမှုများရှိ နိုင်ကြသည်။ယင်းအပြစ်များကိုတောင်းပန်ပူဇော်ကန်တော့သောနည်းဖြင့်ပပျောက်စေနိုင်ကြောင်းဗုဒ္ဓမြေတ်စွာရှင်တော်ဘုရားကဟောကြားတော်မူခဲ့သည်။သီတင်းကျွတ်လ အခါသမယတွင်ဆရာသမားများ၊ သက်ကြီးဝါကြီး များအားပူဇော်ကန်တော့လေ့ ရှိတတ်ကြသည်။ဆရာသမားများ၊ သက်ကြီးဝါကြီးများပူဇော်ကန်တော့ခြင်းသည် လောကကြောင်းအနေဖြင့်ကြည့်လျှင် သက်ကြီးဝါကြီးများထံမှအဖိုးတန်သောဆုံးမစကားများကိုကြားနာ ရနိုင် ခြင်း၊ပညာရှိသူတော်ကောင်းများ၏ ချီးမွှမ်းခြင်းကိုခံရခြင်း၊လူချစ်လူခင်ပေါများခြင်း၊ယဉ်ကျေးသူများဟုအသိ အမှတ်ပြုခြင်းကိုခံရသည့်အကျိုးတရား များကိုရရှိနိုင်သည်။ဓမ္မကြောင်းရှုထောင့်မှကြည့်လျှင်လည်း ပူဇာစပူဇနေ ယျာနံမင်္ဂလာ၊ဒါနမင်္ဂလာ၊ဂါရဝမင်္ဂလာ၊နိဝါတမင်္ဂလာ၊ကတညုတမင်္ဂလာ၊သောဝစဿတမင်္ဂလာစသည့်မင်္ဂလာ တရားတော်များနှင့်ညီညွတ်ကာ အကျိုးထူးတရားများကိုရရှိနိုင်ပေသည်။
ဗုဒ္ဓဘာသာဝင်များသည်မြတ်ဗုဒ္ဓ၏အဆုံးအမအောက်တွင်ကိုယ်တိုင်တရားဓမ္မများ၊ကိုယ်ကျင့်သီလများ ပြည့်အောင့်ကငျ့်ကြံအားထုတ်ကြရုံမကနောင်လာနောက်သားများအားလည်းဗုဒ္ဓ၏တရားဓမ္မအခြေခံဖြစ်သော ဒါန၊သီလ၊ဘာဝနာစသည့်ကောင်းမှုများကိုလက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရန် ယဉ်ကျေးမှုကိုအခြေခှုံဆောင်ရွက် လျက်ရှိနေကြသည်။သီတင်းကျွတ်ကာလတွင်မိဘဘိုးဘွားများနှင့်အတူဘုရားကျောင်းကန်များသို့သွားရောက် ကာသီတင်းသီလဆောက်တည်ခြင်း၊တရားဘာဝနာအားထုတ်ခြင်း၊သံဃာတော်များအားဆွမ်းလှူဖွယ်ပစ္စည်း များဆက်ကပ်ခြင်း၊ပဝါရဏာပြုကြသည့်ရဟန်းသံဃာတော်များစောင့်ကြိုကာဆွမ်းဆန်စိမး်စသည်များလောင်း လှူခြင်း၊မြို့ရွာရပ်ကွက်များနှင့်အဖွဲ့အစည်းများအလိုက်သက်ကြီးရွယ်အိုများအားကန်တော့ခြင်း၊မြတ်စွာဘုရား ရှင်တာဝတိံသာနတ်ပြည်မှဆင်းသက်လာသည်ကိုရည်စှုးညအချိန်တွင်နေအိမ်များ၊လမန်းများစသည်တို့၌မီးအ လှရောင်စုံထွန်းညှိပူဇော်ခြင်း၊မီးပုံးပျံရောင်စုံတို့လွှင့်တင်ပူဇော်ခြင်းစသည့်ကောင်းမှုများကိုပြုလုပ်လျက်ရှိကြ သည့်မြင်ကွင်းများမှာ ကြည်နူးဝမ်းသာစရာမြင်ကွင်းများပင်ဖြစ်သည်။
မီးထွန်းပူဇော်
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌အဘိဓမ္မာတရားတော်မြတ်ကိုဟောကြားပြီးစီးတော်မူ ပြီးနောက်တာဝတိံသာနတ်ပြည်မှလူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့သိကြားမင်းဖန်ဆင်းပေးသောပတ္တမြား စောင်းတန်းမှဆင်းသက်တော်မူခဲ့သည်။လက်ယာဖက်ရွှေစောင်းတန်းမှနတ်များကလည်းကောင်း၊လက်ဝဲဖက် ငွေ စောင်းတန်းမှဗြဟ္မာကြီးများကလည်းကောင်းအသီးသီးဝန်းရံလိုက်ပါခဲ့ကြသည်။ အလားတူစကြာဝဠာတိုက် တို့မှ နတ်ဗဟ္မြာတို့ကလည်းအူထခးထူးသောပူဇော်မှုကိုပြုကြကုန်လျက်ပူဇောဆင်းသက်လိုက်ပါလာကြသည်။ သာဝတ္တိပြည်ရှိလူအပေါင်းတို့ကလည်းဘုရားရှင်အားဖူးမြှော်ပူဇော်ရန်သင်္ကဿနဂိုမြို့တံခါးတွင်စုရုံးစောင်းဆိုင်း ကာကြည်ညိုပူဇော်ကြသည်။ဘုရားရှင်ရောက်ရှိသောအခါ စောင်းတန်းဦးမှရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ဦးစွာပူဇော်ကန်တော့တော်မူသည်။ဘုရားရှင်၏ပထမဆုံးလက်ယာခြေတော်မြေချသည့်နေရာကားနောင်တွင် “အစလစေတီယဌာန” ဟုထင်ရှားတည်ရှိနေသည်။
သီတင်းကျွတ်လပြည့်နေ့တွင်မြတ်စွာဘုရားရှင်သည်တာဝတိ့သာနတ်ပြည်မှဆင်းသက်လာသည်ကိုခရီး ဦးကြိုပြုပူဇော်ကြသည်ကိုအကြောင်းပြု၍ တာဝတိံသာပွဲ ဟူ၍လည်းကောင်း၊တာဝတိံသာနတ်ပြည်တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှဆင်းသက် လာခဲ့၍မီးမြင့်မိုရ်ပွဲဟူ၍လည်းကောင်း သတ်မှတ်ကာသီတင်းကျွတ်လပြည့်နေ့ တိုင်း ပူဇော်ပွဲများ၊ညအခါမျာတွင် ရောင်စုံမီးများထွန်းညှိပူဇော်ခြင်းများကိုပြုလုပ်လာခဲ့သည်မှာ အစဉ်အလာ တစ်ခုပင်ဖြစ်ပေသည်။
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် ဗုဓ္ဓဘာသာဝင်မြန်မာပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့တတ်စွမ်းသမျှသော ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်များပွားများခြင်း၊ဆရာသမားသက်ကြီး ရွယ်အိုတိုံအားကန်တော့ခြင်း စသည့်ကုသိုလ်ကောင်းမှုများဖြင့်လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွား များရရှိကြစေပြီး၊မိမိကိုယ်နှင့်တကွ နိုင်ငံသူနိုင်ငံသား၊ကဘာသူ၊ကဘာသားအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ် ၏ကျန်းမာခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိနိုင်ပါစေကြောင်းဆုတောင်းလိုက်ရပါသည်။




