ဒိန်းမတ်နိုင်ငံရှိ Aalborg လေဆိပ်အနီး လေပိုင်နက်အတွင်း မောင်းသူမဲ့လေယာဉ်တွေ တွေ့ရှိခဲ့တာကြောင့် ပိတ်ထားခဲ့ရတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ဒါ့အပြင် နိုင်ငံ ရဲ့ အဓိက လေဆိပ်ဖြစ်တဲ့ ကိုပင်ဟေဂင်လေဆိပ်မှာလည်း မောင်းသူမဲ့လေယာဉ်တွေ တွေ့မြင်ရတာကြောင့် ဥရောပလုံခြုံရေးအတွက် စိုးရိမ်ပြီး ပိတ်ထားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၂ ရက်ညပိုင်းမှာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် (Copenhagen )လေဆိပ်အနီးမှာ အရွယ်အစားကြီးတဲ့ ဒရုန်း တွေ့ရှိခဲ့တာကြောင့် လေယာဉ်အတက်အဆင်း အားလုံးကို ခေတ္တရပ်နားခဲ့တယ်လို့ သိရပါတယ်။ဒါ့ကြောင့်အရေးပေါ်အခြေအနေတွေ သတ်မှတ်ပြီး ကိုပင်ဟေဂင်လေဆိပ် မှာ ည ၈နာရီ:၂၆ မိနစ်ကစပြီး လေယာဉ်သွားလာမှု့ အားလုံးရပ်နားခဲ့ပါတယ် ။ခရီးသည် ၂၀,၀၀၀ ဟာ ခရီးစဉ်တွေ ပယ်ဖျက်ခံရတာ ၊အခြားလေဆိပ်ကိုဆင်းခဲ့ရတာ ၊ခရီးစဉ်နောက်ကျတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဒိန်းမတ်ရဲတပ်ဖွဲ့က ဒရုန်း တွေကို “တတ်ကျွမ်းတဲ့ operator” တစ်ဦးက လှည့်ပေးနေတယ်လို့ ခန့်မှန်းထားပြီး၊ အန္တရာယ်ပေးဖို့မဟုတ်ဘဲ “စွမ်းရည်ပြဖို့” ဖြစ်နိုင်တယ်လို့ ဆိုပြီး လေတပ်အဖွဲ့ကိုပါ အရေးပေါ်ခေါ်ယူခဲ့ပါတယ်။




