မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသူတွေအနေနဲ့ အမှန်တကယ်လုပ်ကိုင် နိုင်တဲ့ မြေပမာဏကိုသာ အသုံးပြုခွင့်လျှောက်ထားစေလိုတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောပါတယ်။

စက်တင်ဘာ(၂၀)ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမမှာ ပြုလုပ်တဲ့ စပျစ်သီးနှံစိုက်ပျိုးဖို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းတွေ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာတဲ့ကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဒါ့အပြင် စပျစ်စိုက်ပျိုးဖို့ မြေလွတ်၊မြေလပ်နဲ့မြေရိုင်းတွေ သတ်မှတ်ဧရိယာပြည့် အကောင်အထည် ဖော်ပြီးရင် မိမိတို့ လုပ်ကိုင်နိုင်မှုအရ ဒုတိယအကြိမ်၊ တတိယအကြိမ် အစရှိသဖြင့် တိုးချဲ့လျှောက်ထားနိုင်တယ်လို့ ဆိုပါ တယ်။

ဥပဒေအရ ချထားတဲ့မြေတွေမှာ လုပ်ငန်းအကောင်အထည်ဖော်ဖို့ (၄)နှစ် ခွင့်ပြုထားပေမဲ့ စပျစ်ဟာ စိုက်ပျိုးပြီး သုံးနှစ်အကြာမှာ ဝင်ငွေရရှိနိုင်တဲ့အတွက် မြေချထားပြီး သုံးနှစ်အတွင်း အပြီးသတ် စိုက်ပျိုးဖို့ လိုအပ်တယ်လို့ လည်း ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားခဲ့ပါတယ်။




