မြောက်ကိုရီးယားနိုင်ငံ နယ်စပ်အနီးမှာ ရေကြီးရေလျှံမှုဖြစ်လို့ ဒေသခံ ပြည်သူ ၅၀၀၀ လောက် ရေဘေးသင့် နေ တယ်လို့ မြောက်ကိုရီးယားပိုင် KCNA သတင်းဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။
ရေဘေးသင့်းဒေသကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်လည်း ကိုယ်တိုင် သွားရောက် ကြည်ရှုစစ်ဆေးခဲ့တယ်လို့ အဲဒီ သတင်း မှာ ဖော်ပြထားပါတယ်။
စနေနေ့က အပူပိုင်းမုန်တိုင်း ဂေမီရဲ့ အရှိန်ကြောင့် စံချိန်တင် မုန်တိုင်းမိုး ရွာသွန်းခဲ့လို့ မြောက်ကိုရီးယား ဆင်နွေဂျူးဒေသနဲ့ တရုတ်နယ်ခြားဒေသက လူ ငါးထောင်လောက်ဟာ ရေဘေးထဲ ပိတ်မိနေခဲ့ ပါတယ်။
ဒီအတွက် မြောက်ကိုရီးယား စစ်တပ်က ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့အတွက် လေယာဉ် ဆယ်စင်းနဲ့ နေ့ဝက်အတွင်း လူ ၄၂၀၀ ကို ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
လူပေါင်း ၅၀၀၀ ရဲ့ အသက်ကို ကယ်နိုင်ခဲ့တဲ့ မြောက်ကိုရီးယားစစ်တပ်ရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်ချက်ကို ကင်က ချီးမွမ်းခဲ့ပြီး တစ်ဖက်မှာလည်း မိုးကြီးရေလျှ့မှုနဲ့ မုန်တိုင်းရန်ကြောင့် ဖြစ်ပေါ်လာတဲ့ သဘာ၀ဘေးရန်ကို ကာကွယ်တားဆီးဖို့ ပြင်ဆင်မှု အားနည်းခဲ့တဲ့ တာဝန်ရှိသူတွေကို ပြစ်တင်ခဲ့တယ်လို့ KCNA က ပြောပါတယ်။