ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ငါးရာကျော်ရနေပြီလို့ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ကပြောပါတယ်။စက်တင်ဘာ(၅)ရက်နေ့ကမန္တလေးမြို မဟာအောင်မြေမြိုနယ် Y Mandalay Hotel မှာ ပါတီဥက္ကဌနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုယ်စားလှယ်လောင်းတွေ၊ အမှုဆောင်တွေ၊ပါတီဝင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာပါ။

ပြည်သူ့ရှေ့ဆောင်ပါတီ က လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန် နီးပါးဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကိုစက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားတာဖြစ်ပါတယ်။




