ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားဟာလက်ရှိမှာ တပ်ဖွဲ့ဝင်အသစ်တွေ ထူထောင်နေပြီး ယူကရိန်း ပစ်မှတ် တွေကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

“ အခုတော့ ရှေ့တန်းတွေမှာ ရုရှားတပ်ဖွဲ့တွေ ထပ်မံစုပုံလာတာကို တွေ့နေရပါတယ်။ သူက ငြိမ်းချမ်းရေးထဲကို အတင်းအကျပ် တွန်းပို့ဖို့ ငြင်းဆိုထားပါတယ်” လို့ ကရင်မလင်ခေါင်းဆောင် ဗလာဒီမာပူတင်ကို ရည်ညွှန်းပြီး ဇယ်လန်းစကီးက ပြောပါတယ်။ အသေးစိတ်အချက်အလက်တွေ ပြောဆိုတာမရှိပေမဲ့ ရုရှားက တိုက်ခိုက်မှု တွေကို ဆက်လက်လုပ်ဆောင်နေတာကြောင့် ကျွန်တော်တို့ကလည်း ပြန်လည်တုံ့ပြန်မှာပါ” လို့ ဇယ်လန်းစကီးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က ရုရှားတပ်တွေဟာ ယူကရိန်းကို ဒရုန်း ၁၅ စင်းနဲ့ တစ်ညလုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းမှာ ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုလျှော့ချဖို့အတွက် ပူတင်ကို ဆွေးနွေးညှိနှိုင်း တာတွေ ပြုလုပ်ပေမယ့် ပူတင်က ဂရုမစိုက်ဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတဲ့အတွက် အလွန်စိတ်ပျက်မိ တယ်လို့ ထရမ့်က ပြောကြားထားပါတယ်။




