မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ ပူးပေါင်းကာ ရွက်ပုန်းသီး မျိုးဆက်သစ် ဘောလုံးကစားသမားတွေ ပေါ်ထွက်လာရေးအတွက် အသက်(၁၄)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံး ကစားသမားတွေ ရွေးချယ်ကာ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ MFF ရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။

အဲဒီလို မျိုးဆက်သစ် ဘောလုံးကစားသမားတွေအတွက် နယ်ဒေသအလိုက် FIFA / MFF Regional Training Center ဖွင့်လှစ်ကာ ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရ ပါတယ်။လေ့ကျင့်ရေး စင်တာတွေကို မော်လမြိုင်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ကချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး အသက်(၁၄)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကစား သမား တွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

လူရွေးချယ်မှုကိုတော့ ဒေသအလိုက် လေ့ကျင့်ရေးစင်တာတွေဖြစ်တဲ့ မော်လမြိုင်မြို့မှာ ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်ခဲ့သလို နေပြည်တော်မှာ စက်တင်ဘာ ၂ ရက်ကနေ ၃ ရက်အထိ၊ မန္တလေးမှာ စက်တင်ဘာ ၅ ရက်ကနေ ၆ ရက်အထိ၊ တောင်ကြီးမှာ စက်တင်ဘာ ၈ ရက်ကနေ ၉ ရက်အထိနဲ့ ကချင်ပြည် နယ်မှာ စက်တင်ဘာ ၈ ရက်ကနေ ၉ ရက်အထိ၊ ဧရာဝတီတိုင်းဒေသကြီးမှာ စက်တင်ဘာ ၁၃ ရက်ကနေ ၁၄ ရက်အထိ ကစားသမားတွေကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ MFF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။




