၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအနေနဲ့ ဆေးတက္ကသိုလ်တွေ၊ သွားဘက်ဆိုင်ရာဆေးတက္က သိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေကို စက်တင်ဘာ ၂ ရက်က စတင်ပြီး ဝင်ခွင့်လျှောက်ထားနိုင်တယ် လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တွေနဲ့ ဆေးပညာနှီးနွှယ် တက္ကသိုလ် တစ်ခုခုကို ပထမဦးစားပေး လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန)က ထုတ်ပေးတဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်နဲ့ လျှောက်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဆေးဝါးတက္ကသိုလ်တွေ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တွေ၊ သူနာပြုတက္ကသိုလ်တွေနဲ့ အခြေခံ ကျန်းမာ ရေးတက္ကသိုလ်တွေကို ပထမဦးစားပေး လျှောက်ထားသူတွေဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်တွေကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းဖို့ သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေကို ပေးပို့ လျှောက် ထားရမှာ ဖြစ်ပါတယ်။

ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ပထမဦးစားပေး လျှောက်ထားသူတွေအနေနဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်)၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး) အပါအဝင် နေရာ(၈)ခုမှာ တိုက်ရိုက်ပေးပို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ဆေးတက္ကသိုလ်တွေ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေရဲ့ ဝင်ခွင့် လျှောက်လွှာစာအိတ်တွေကို စက်တင်ဘာ ၂ ရက်ကနေ ၁၉ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေ အပါအဝင် ပိတ်ရက်မရှိ လက်ခံပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။




