မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။ဒီလိုပြုပြင်ရာမှာ ပထမဦးစားပေးအဖြစ်(၈၄၉)ဆူ၊ ဒုတိယဦးစားပေးအဖြစ်(၄၃၄)ဆူနဲ့ တတိယဦးစားပေးအဖြစ် (၅၁၆)ဆူကို ပြုပြင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုး(၁၁၈)ဆူ၊ နေပြည်တော်မှာ (၉၄)ဆူ၊ ပဲခူးတိုင်းဒေသကြီးမှာ (၅)ဆူ၊ မန္တလေးတိုင်းဒေသကြီးမှာ (၁၅၅၉)ဆူ၊ ရှမ်းပြည်နယ်မှာ(၂၃)ဆူနဲ့ စုစု ပေါင်း (၁၇၉၉)ဆူ ထိခိုက်ပျက်စီးခဲ့ရတာပါ။ဒါ့အပြင် ငလျင်ကြောင့် ဘုရားဆင်းထုတော်ရဲ့ဦးခေါင်းတော်နဲ့လက်တော်ထိခိုက်ပျက်စီးခဲ့တဲ့ နေပြည်တော်က ဘုရားဆင်းတုတော်(၃၃)ဆူ၊ မန္တလေးတိုင်းဒေသကြီးက ဘုရားဆင်းတုတော်(၄၁)ဆူနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ဘုရားဆင်းတုတော်(၄)ဆူ စုစုပေါင်း(၇၈)ဆူကိုလည်း ပြုပြင်ထိန်းသိမ်းတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါ တယ်။ပြုပြင်ထိန်းသိမ်နေတဲ့ ရှေးဟောင်းဘုရားစေတီတွေထဲမှာ လက်ရှိအချိန်အထိ ရာနှုန်းပြည့်ပြီးစီးတာက (၂၃)ဆူ ရှိပြီး ဆောက်ရွက်နေတာက (၃၁)ဆူ ရှိတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။




