အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ တောင်းဆိုမှုတွေကို ထောက်ခံသလို ထရမ့် ဆုရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတ လူကာရှန်ကိုက ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားခဲ့တာကို ဘယ်လာရုစ်အစိုးရသတင်းက ဖော်ပြပါတယ်။

အမေရိကန်သမ္မတဟောင်း အိုဘားမားကိုဆိုရင် သမ္မတ ဖြစ်လာပြီး ဘာမှ မလုပ်ရ သေးခင်မှာတောင် ငြိမ်းချမ်း ရေး နိုဘယ်ဆု ချီးမြှင့်ခဲ့တာဖြစ်လို့ ခြောက်လအတွင်းမှာ စစ်ပွဲများစွာ တားဆီးပေးနိုင်ခဲ့တဲ့ ဒေါ်နယ် ထရမ့်ကို ပိုလို့တောင် ချီးမြှင့်ရမယ်လို့ လူကာရှန်ကိုက ဆိုပါတယ်။ငြိမ်းချမ်းရေး နိုဘယ်ဆု လိုချင်နေသူအတွက် ဆု ရရှိပိုင်ခွင့်ရှိသလို လိုအပ်ရင် ဒေါ်နယ်ထရမ့် ဆုရရှိဖို့ကို ထောက်ခံပေးသွားမှာဖြစ်ပြီး နိုဘယ် ကော်မတီက ဆုပေး မပေးဆိုတာထက် ရုရှား၊ ယူကရိန်းနဲ့ ဘယ်လာရုစ် ပြည်သူတွေရဲ့လေးစားမှုကို ဒေါ်နယ်ထရမ့် ရရှိမှာဖြစ်တယ်လို့ လူကာရှန်ကိုက ပြောသွားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။


