ပြင်သစ်ဒရိုင်ဗာ အိုကွန်ဟာ လာမယ့်ရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဟတ်စ်အသင်းကို ပြောင်းရွှေ့ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဟတ်စ်အသင်းက ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အိုကွန် ဟာ အခုနှစ် ဖော်မြူလာဝမ်း ရာသီအကုန်မှာ အယ်ပိုင်းအသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အတည်ပြုထားခဲ့ပြီး လာမယ့်ရာသီ ဟတ်စ်အသင်းမှာ ဗြိတိန်လူငယ်ဒရိုင်ဗာ ဘီယားမန်းနဲ့ အသင်းဖော်တွေအဖြစ် အတူ ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အိုကွန်ဟာ ဟတ်စ်အသင်းအတွက် ယှဉ်ပြိုင်ပေးမယ့် ပထမဆုံး ဂရင်းပရီပွဲစဉ် အနိုင်ရဖူးတဲ့ ဒရိုင်ဗာအဖြစ် မှတ်တမ်းဝင်တော့မှာလည်းဖြစ်ပါတယ်။

ဟတ်စ်အသင်းဟာ ဖော်မြူ လာဝမ်းပြိုင်ပွဲကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် အခုချိန်ထိ ဂရင်းပရီပွဲစဉ် တစ်ပွဲမှ အနိုင်ရတာ မရှိခဲ့ဖူးပါဘူး။ အိုကွန်ကတော့ အယ်ပိုင်းအသင်းနဲ့အတူ ၂၀၂၁ ဟန်ဂေရီဂရင်းပရီပွဲစဉ်မှာ အနိုင်ရထား ခဲ့ဖူးတာပါ။
အိုကွန်ဟာ ဖော်မြူလာဝမ်းဒရိုင်ဗာအဖြစ် ဂရင်းပရီပွဲစဉ် ၁၄၆ ပွဲအထိ ယှဉ်ပြိုင်ခဲ့ဖူးတာဖြစ်လို့ ဟတ်စ်အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။