တောင်ကိုးရီးယားနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ် လည်ပတ်တော့မှာ ဖြစ်ပြီး အဏုမြူဓာတ်ပေါင်းဖိုတွေကြောင့် ကုန်ကျစရိတ် လျှော့ချနိုင်သလို ကျောက်မီးသွေးသုံးစွဲမှု လျော့နည်းသွား စေနိုင်တဲ့အကြောင်း CNA သတင်းမှာ ဖော်ပြပါရှိပါတယ်။နျူကလီးယားစက်ရုံတွေက လျှပ်စစ်ထုတ်လုပ်မှုဟာ ဇွန်လအထိ ခြောက်လတာကာလအတွင်း အရင်နှစ်ကထက် ၈ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခဲ့ပြီး နှစ်စဉ် ရည်မှန်းထားတဲ့ ၂ ဒသမ ၉ ရာခိုင်နှုန်းရဲ့ သုံးဆအထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှုကတော့ ၁၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့ နိုင်ငံပိုင်လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်း Korea Electric Power Corp (KEPCO)ကဖော်ပြတဲ့ အချက်အလက်တွေအရ သိရပါတယ်။အနာဂတ်မှာ နျူကလီးယားနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံတွေကို ဆက်လက်တိုးချဲ့သွားမယ် ဆိုရင် သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မှုဟာ ဆက်လက်ကျဆင်းသွားဖွယ် ရှိတယ် လို့လည်း သက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။




