၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေမှုကို ထောက်ခံ ကြိုဆိုပါကြောင်း နိုင်ငံရေး ပါတီ ၂၇ ပါတီက ဇူလိုင် ၂၄ ရက်မှာ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာပါတယ်။
အပြစ်မဲ့ပြည်သူတွေအနေနဲ့ အလုပ်အကိုင်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးတာ၊ စားဝတ်နေရေး ကျပ်တည်းလာတာ၊ လူငယ်တွေ ပညာသင်ကြား နိုင်ခွင့်တွေ ဆုံးရှုံးရတာ၊ အခြေပြုရာ မူရင်းဒေသတွေကို စွန့်ခွာခဲ့ရတာတွေအပြင် ပြည်သူလူထုရဲ့ မူလအခွင့်အရေး တွေ ပိတ်ဆို့ထားသလို ခံစားနေရတဲ့အတွက် အမြန်ဆုံးလွတ်မြောက်ဖို့ လိုအပ်ကြောင်း ရှုမြင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြင်ဆင်နေမှုကို မိမိတို့ နိုင်ငံရေးပါတီတွေက အပြည့်အဝ ထောက်ခံကြိုဆိုပါကြောင်းနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် နိုင်ငံရေးပါတီတွေ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအတွက် ထွက်ပေါက် လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်လက်ခံပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
//////////////////////////////