အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လ(၁၉)ရက်အထိ ၇ လတာကာလအတွင်း တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၀၆၆ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၂၆ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၃၅၄ ယောက်နဲ့ ပထမ အများဆုံး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၂)ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက ဖြစ်ပွားသူ ၆၄၂ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့ပြီး တတိယအများဆုံးက မွန် ပြည်နယ်၊ စတုတ္ထအများဆုံးက မကွေးတိုင်းဒေသကြီးနဲ့ ပဥ္စမအများဆုံးကတော့ စစ်ကိုင်းဒေသကြီး ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး စတဲ့ နေရာတွေမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ခြင်ပေါက်ဖွားမှုနှုန်း နည်းပါးအောင် အဘိတ်ဆေးခတ်တဲ့လုပ်ငန်းတွေကို မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအထိရောက်အောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။




