အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကနေ အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ အပေါ် ၁၉ % အခွန်နှုန်းထား သတ်မှတ်လိုက်ပါတယ်။ ထရမ့်က ပထမမှာ အခွန် ၃၆ % တိုးမြှင့်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ၁၉ ရာခိုင်နှုန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား စစ်ရေးပဋိပက္ခတွေ ဖြစ်နေတုန်းက ၃၆ % တိုးမြှင့်မှာနဲ့ ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းမှု လုပ်မှာ မဟုတ်ဘူးဆိုကာ ချက်ချင်း အပစ်ရပ်ဖို့ ထရမ့်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်ကိုလည်း အခွန် ၁၉ % ရာခိုင်နှုန်း သတ်မှတ်ထားပြီး ဗီယက်နမ်ကိုတော့ ၂၀ % သတ်မှတ်ထားပါတယ်။ အခွန်ရှောင်ဖို့အတွက် တခြားနိုင်ငံတွေကတစ်ဆင့် ပို့ဆောင်တာမျိုးလုပ်လို့ ဖမ်းမိခဲ့ရင် တော့ ၄၀ % အထိ မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။




