အစ္စတန်ဘူလ်လေဆိပ်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးလေဆိပ်အဖြစ် အခုနှစ်အတွက် ရွေးချယ်ခဲ့တယ်လို့ Hurriyet Dailynews သတင်းက ဖော်ပြခဲ့ပါတယ်။ဒါဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလေဆိပ်အဖြစ် အစ္စတန်ဘူလ်လေဆိပ်ဟာ ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လေဆိပ်က အရင်နှစ်နဲ့နှိုင်းယှဉ်ရင် ၉၈ ဒသမ ၅၇ ရမှတ်နဲ့ ရမှတ် ပိုကောင်းလာတယ်လို့ Travel + Leisure မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေဆိပ်ရဲ့ အော်ပရေတာဖြစ်တဲ့ iGA Istanbul ကို နယူးယောက်မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ပူးပေါင်း ဆက်သွယ်ရေးဒါရိုက်တာ ဂိုခန်ဆန်ဂူးလ်က ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။လေဆိပ်တွေကို ဝင်ရောက်နိုင်မှု၊ check-in အတွေ့အကြုံ၊ လုံခြုံရေး၊ အစားအသောက်ရွေးချယ်မှု၊ စျေးဝယ်မှုနဲ့ အလုံးစုံဒီဇိုင်းတို့ကို စစ်တမ်းကောက်ယူပြီး အကဲဖြတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ iGA Istanbul လေဆိပ်က ၂၀၂၁ ခုနှစ်ကလည်း Travel + Leisure မဂ္ဂဇင်းမှာ ဂုဏ်သိက္ခာရှိတဲ့ အဆင့်သတ်မှတ်ချက်မှာ ပထမဆုံး ဝင်ရောက် ခဲ့တဲ့ ပထမဆုံးသော တူကီယဲလေဆိပ် ဖြစ်ပါတယ်။

အခုနှစ်ထိပ်တန်းဆယ်ခုမှာ iGA Istanbul လေဆိပ်ကို စင်ကာပူ၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနဲ့ တရုတ်(တိုင်ပေ)တို့အပါအဝင် ကမ္ဘာ့အထင်ရှားဆုံးလေဆိပ်အချို့ကို လိုက်ကြည့်မယ်ဆိုရင် iGA ဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ထူးထူးခြားခြား အောင်မြင်မှုရနေတာကို မီးမောင်း ထိုးပြနေ တယ်လို့ iGA တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။အစ္စတန်ဘူလ်လေဆိပ်ဟာ ပြီးခဲ့တဲ့နှစ်က ဥရောပမှာ ဒုတိယအလုပ်အများဆုံးလေဆိပ်ဖြစ်ပြီး အခုနှစ် ဧပြီလထဲ မှာ တစ်ပြိုင်နက် ပြေးလမ်းသုံးခုကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။



