အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မာကိုရူဘီယိုဟာ သူ့ရဲ့ အာရှခရီးစဉ်အပြီး ဒီကနေ့ ဇူလိုင် ၁၀ ရက်မှာ အရှေ့ တောင်အာရှ နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ CNN သတင်းမှာ ပါရှိပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံပေါင်း ၁၄ နိုင်ငံကို အခွန်ကောက်ခံမှု အသစ်တွေ ချမှတ်ပြီးနောက် ဒါတွေကို စေ့စပ်ညှိနှိုင်းဖို့အတွက် အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မာကိုရူဘီယိုက အာရှခရီးစဉ်ကို စတင်ခဲ့တာပါ။ဒေါ်နယ်ထရမ့်က နိုင်ငံ ၁၄ နိုင်ငံကို စည်းကြပ်ခွန်အသစ်တွေ ကောက်ခံဖို့ စာရင်းပေးပို့နေချိန်မှာ နိုင်ငံခြားရေး ၀န်ကြီး မာကိုရူဘီယိုက သံတမန်အဖြစ် အာရှကို ပထမဆုံးခရီးစဉ် စီစဉ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရူဘီယိုက မြို့တော် ကွာလာလမ်ပူမှာ ၄ ရက်ကြာ နေထိုင်စဉ်အတွင်း အာဆီယံနဲ့ အခြားနိုင်ငံတွေက နိုင်ငံခြား ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဟာ ထရမ့်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန် မဟာဗျူဟာအရ မဟာမိတ်တွေ အပါအဝင် မိတ်ဖက်တွေနဲ့ပါ ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်မှာဖြစ်ပြီး အခုစည်းကြပ်ခွန်ကြေညာချက်တွေက ရူဘီယိုအနေနဲ့ အခွန်ကောက်ခံရမဲ့နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာတော့ ပိုမိုခက်ခဲစေမယ်လို့ ပြောကြား ထားပါတယ်။




