လက်တလော ဂရင်းပရီပွဲစဉ်တွေမှာ ရလဒ်မကောင်းဖြစ်နေမှုကို လာမယ့် ဂရင်းပရီပွဲတွေမှာ အနိုင်ရဖို ခွန်အား အဖြစ်ပြောင်းလဲ သွားမယ်လို မက္ကလာရင်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ ပီယက်စ်ထရီက ပြောပါတယ်။ ပီယက်စ်ထရီ ဟာ ဂရင်းပရီနောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့တာ ဖြစ်ပါတယ်။

ပီယက်စ်ထရီရဲ့ မက္ကလာရင်အသင်း ဖော် လန်ဒိုနော်ရစ်က နောက်ဆုံးဂရင်းပရီပွဲစဉ် ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး နောက် ချန်ပီယံဆုအတွက် အမှတ် ကွာဟချက်က ကျဉ်းမြောင်းလာခဲ့ပြီး ပြိုင်ဆိုင်မှုလည်း ပိုမိုပြင်းထန်လာခဲ့ တာပါ။ အခုရာသီ ဂရင်းပရီပွဲစဉ် ၁၂ ခု ယှဉ်ပြိုင်အပြီးမှာ မက္ကလာရင်းအသင်းဒရိုင်ဗာတွေ ဖြစ်ကြတဲ့ ပီယက်စ် ထရီက ၂၃၄ မှတ်နဲ့ ဦးဆောင်နေပြီး လန်ဒို နော်ရစ်က ၂၂၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေလို ၂ ဦးကြား အမှတ်ကွာဟမှုက ၈ မှတ်သာ ရှိတော့တာ ဖြစ်ပါတယ်။

ပီယက်စ်ထရီဟာ ဂရင်းပရီနောက်ဆုံး၂ ပွဲဆက်တိုက် ဒုတိယနေရာသာ ရခဲ့တာဖြစ်ပြီး လာမယ့် ဘယ်လ်ဂျီယံ ဂရင်းပရီမှာတော့ နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ဖို မျှော်လင့်နေတာ ဖြစ်ပါတယ်။ အခုအချိန်မှာ စိတ်ပျက်နေရသမျှ ကို လာမယ့်ပွဲစဉ်တွေမှာ အနိုင်ရဖိုအတွက် စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစားသွားမှာ ဖြစ်တယ်လို ပီယက်စ် ထရီက ပြောသွားပါတယ်။ အခုရာသီ ဂရင်းပရီပွဲစဉ်တွေမှာ ပီယက်စ်ထရီက ၅ ပွဲ၊ နော်ရစ်က ၄ ပွဲစီ အနိုင်ရထား ကြတာ ဖြစ်ပါတယ်။




